User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

UK အစိုးရ ၏ Ofqual အသိအမှတ်ပြု လက်မှတ်ဖြစ်သော Othm သင်တန်းများ မြန်မာနိုင်ငံတွင်ဖွင့်လှစ်နိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ်အား ရန်ကုန်တိုင်းဒေသကြီး ၊ဗားကရာလမ်းရှိ MIBA သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ OTHM မှ CEO ဖြစ်သူ Sm Shamrat တက်ရောက်ခဲ့ပြီး MIBA မှ Chief Executive ဖြစ်သူ ဆရာကျော်သူ အောင်နှင့်တွေ့ဆုံကာ OTHM မှသင်ကြားပို့ချပေးမည့်ဘာသာရပ်များအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။  ထို့နောက် OTHM ၏ နောက်ခံသမိုင်းများကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊သင်တန်းသူများ အတွက် ပညာသင်ကြားနေစဉ်   အတွင်းတွေ့ကြုံနိုင်သည့်အခက်အခဲများ စိန်ခေါ်မှုများကိုဆွေးနွေးခဲ့ကာ၊ဆွေးနွေးပွဲကို ညနေပိုင်းတွင် အဆုံးသပ် ခဲ့ပါသည်။