User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

MIBA သင်တန်းကျောင်းတွင် အောက်စဖို့ကောလိပ်၏ဒါရိုက်တာမှပညာရေးဆိုင်ရာနှီးနှောဖလှယ် ပွဲပြုလုပ်


၂၀၁၆ ခုနှစ် အောက်တိုဘာ ( ၉ ) ရက်နေ့က Myanmar International Business Academy     (MIBA)သင်တန်းကျောင်းတွင်  နိုင်ငံတကာမှ ကွဲပြားခြားနားသောပညာရေးဆိုင်ရာမော်ဒယ်များအခြေအနေ၊စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများအကြောင်းဆွေးနွေးသော  ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့အောက်စဖို့ကောလိပ်၏ Director of City ဖြစ်သူ Francis Lawson တက် ရောက်ခဲ့ပြီး ရန်ကုန်, မြန်မာ အခြေ   စိုက်မြန်မာအပြည်ပြည်ဆိုင်ရာစီးပွားရေးအကယ်ဒမီ (MIBA),တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား နိုင်ငံတကာတွင်သင်ကြးပို့ချပေးနေသည့် ဘာသာရပ်များ ကွဲပြားခြားနားပုံ၊ပညာသင်ကြားနေစဉ်အတွင်းတွေ့ကြုံရမည့်စိန်ခေါ်မှုများ နှင့် ပညရပ်တစ်ခုကိုအောင်မြင်စွာ သင်ယူနိုင်ခဲ့ပါက ရရှိလာမည့်အခွင့်အလမ်းများကြောင်းကို  ဆွေးနွေးဖလှယ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်၎င်း၏အတွေ့အကြုံများကိုလာရောက်နှီးနှောဖလှယ်ခွင့်ရသောကြောင့်ဝမ်းသာကြည်နူးမိကြောင်းနှင့် ကျောင်းသားကျောင်းသူများကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည့်အတွက်အား ရကျေနပ်မိကြောင်းကို “ကျွန်တောာ်အခုမြန်မာနိုင်ငံမှာရှိတဲ့ Myanmar International Business Academy (MIBA)သင်တန်းကျောင်း ရောက်ရှိလာရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အထူးသဖြင့် MIBA မှာပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို နိုင်ငံတကာမှာရှိတဲ့  ဘာသာရပ်ဆိုင်ရာ တွေရဲ့ ကွဲပြားခြားနားတဲ့အကြောင်းတွေရယ်၊နိုင်ငံတကာမှာပညာသင်ကြားတဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေကြုံလာနိုင်တယ်ဆိုတာတွေရယ်၊နောက်တော့ ရရှိလာမယ့် အခွင့်အလမ်းတွေ ရယ်အကြောင်းကို ပညာသင်သားများ မျက်ဝါးထင်ထင်မြင်တွေ့နိုင်စေဖို့ အတွေ့အကြုံတွေကိုလာ ရောက် နှီးနှောဖလှယ်ရခြင်းပဲဖြစ်ပါတယ်။ဒီရောက်တော့လည်း ကျောင်းသားကျောင်းသူတွေအပါ အ၀င် ၊ကျောင်းသားမိဘ တွေကပါလှိုက်လှိုက်လှဲလှဲကြိုဆို ကြတာတွေ့ရတော့ အရမ်းကိုဝမ်းသာ ဂုဏ်ယူမိပါတယ်။ခုလိုကြိုဆိုပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။”ဟု Francis Lawson ကပြောကြားခဲ့ပါသည်။

အထက်ပါနှီးနှောဖလှယ်ပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပြီး Francis Lawson မှလည်းကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးနှု တ်ဆက်ခဲ့ကာ ဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။